Photo နှင့် Video များတင်ပို့ခြင်းနှင့်ပတ်သတ်၍ ...

ကျွန်တော်တို့ MDA society သည် member များကိုယ်တိုင် ဖန်တီးထားသော art များကိုသာလက်ခံဖေါ်ပြလိုသော site ဖြစ်သည်။
တနည်းအားဖြင့် MDA သည် မြန်မာ artist များ၏ အနုပညာဖန်တီးနိုင်မှုစွမ်းအားများကို နိုင်ငံတကာမှသိမြင်လာအောင်ဖေါ်ပြလိုသော ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတကာ၏ လက်ရာများကိုလည်း member အများစုက ကြည့်ရှုဖူးကြပါသည်။

ထို့အတူ ... MDA ကိုလည်း နိုင်ငံတကာမှ artist ပေါင်းများစွာကြည့်ရှုနေနိုင်ပါသည်။ ထို့ကြောင့် မိမိတို့၏ လက်ရာများသည် ဖေါ်ပြရန်သင့်မသင့် စဉ်းစားပြီးမှ ဖေါ်ပြစေလိုပါသည်။

မိမိကိုယ်တိုင်ဖန်တီးထားသော photo & video များကိုတင်ပို့ရာတွင်လည်း မိမိပြုလုပ်ခဲ့သော software များကိုပါတပါတည်း ဖေါ်ပြပေးကြပါ။ ထိုသို့ မည်သည့်မှတ်ချက်မျှမပါရှိပါက ကျွန်တော်တို့ MDA မှ member ကိုယ်တိုင်ဖန်တီးထားခြင်းမဟုတ်ဟု ယူဆနိုင်ပါသည်။

အကယ်၍ ကိုယ်တိုင်ဖန်တီးထားခြင်းမဟုတ်သော တခြားသော အတုယူစရာ နိုင်ငံတကာလက်ရာများကိုပြသချင်ပါက ...
photo များကို မိမိ၏ ကိုယ်ပိုင် blog များတွင် ဖေါ်ပြနိုင်ပါသည်။
video များကိုတော့ ယင်း video file ၏အောက်တွင် မှတ်ချက်များနှင့်တကွ ဖေါ်ပြနိုင်ပါသည်။

မိမိကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်သော်လည်း ကိုယ်ရေးကိုယ်တာ ဆန်လှသော ပုံများအား မတင်ကြရန်တောင်းပန်ပါရစေ။

ထို့ကြောင့် digital art နှင့်မသက်ဆိုင်သော photo & video များကို လုံးဝ (လုံးဝ) မတင်ကြဖို့ တားမြစ်ပါရစေ။ တင်လာခဲ့လျှင်လည်း ကျွန်တော်တို့ MDA မှ လုံးဝလက်ခံမည်မဟုတ်ပါ။



ဓါတ်ပုံတင်ပို့ခြင်းနှင့်ပတ်သတ်၍ စည်းကမ်းချက်များ ထပ်မံပေါင်းထည့်ခြင်း

ကျွန်တော်တို့ MDA အနေဖြင့် member များတင်ပို့သော ပုံများအား စီစစ်ရာတွင်
15.8.2009(Sat) နေ့မှစ၍ အောက်ပါ rule များအားထပ်မံပေါင်းထည့်လိုက်ကြောင်း
အသိပေးအပ်ပါသည်။

(၁) မည်သည့် ပြင်ပ company / လုပ်ငန်းများအတွက်ပြုလုပ်ပေးထားသော ကြော်ငြာ
ဒီဇိုင်းများ (ပုံကိုကြည့်သည့်အချိန်တိုင်းတွင်
ကုန်ပစ္စည်းကိုကြော်ငြာနေသည်ဟု ထင်မြင်နေရသော ပုံများ) တင်ပို့ခြင်း
မှတ်ချက် ။ ။ ထိုသို့သော အနုပညာလက်ရာများကို တင်ပို့ချင်ပါက company
လုပ်ငန်း အမှတ်တံဆိပ်များ / ကြော်ငြာ စာသားများကို ဖြုတ်ထား၍
တင်ပို့နိုင်ပါသည်။


(၂) အနုပညာလက်ရာ တစုံတရာမျှ မပါဝင်ဘဲ မိသားစု သို့မဟုတ် သူငယ်ချင်း များ၏ မှတ်တမ်းတင်ဓါတ်ပုံများတင်ပို့ခြင်း

(၃) ကွာခြားမှုသိပ်မရှိသော ( ဥပမာ - 3d object တစ်ခုအား ရှုထောင့်မျိုးစုံမှ
ပြထားသော ၊ object တစ်ခုအား wireframe render / Final render
များကိုပုံများခွဲ၍ ) ပုံများတင်ပို့ခြင်း
မှတ်ချက် ။ ။ ထိုသို့သောပုံများအား photo တစ်ပုံတည်းတွင် စီ၍ပြသနိုင်သည်။
ဤအချက်မှာ ဆိုက်ရဲ့ storage ကိုချင့်ချိန်ထားခြင်းဖြစ်ပါသည်။

(၄) မိမိ၏ဒီဇိုင်းထဲတွင် တခြား (မည်သည့်နိုင်ငံကမဆို) artist
တစ်စုံတစ်ယောက်၏ ဒီဇိုင်းအစိတ်အပိုင်းများ ယူသုံးထားပြီး Description
မရေးသားထားသော ပုံများတင်ပို့ခြင်း
မှတ်ချက် ။ ။ admin များမှမသိ၍တင်ပို့ပေးလိုက်မိသော ပုံများအား
သက်သေခိုင်လုံစွာ သိရှိသည့်အချိန်မှစ၍
အကြောင်းကြားခြင်းမရှိဘဲဖျက်သိမ်းသွားပါမည်။


(၅) ကဗျာများ / စာစုများကို blog များဖြင့်မတင်ဘဲ ဓါတ်ပုံအဖြင့် (ဓါတ်ပုံ
တစ်ခုလုံးတွင် စာသားများသာ ပြည့်နှက်နေပြီး ဒီဇိုင်းလက်ရာ မယ်မယ်ရရ
မပါဝင်သောပုံများ) တင်ပို့ခြင်း

(၆) ယဉ်ကျေးမှုနှင့်မကိုက်ညီလောက်အောင် ရိုင်းပြနေသော ဒီဇိုင်းပုံများတင်ပို့ခြင်း

အထက်ပါအချက်များနှင့်မကိုက်ညီသောပုံများအား မည်သို့သောအကြောင်းနဲ့မှ approve လုပ်ပေးမည်မဟုတ်ပါ။

မရှင်းသည်များကို ဤ Discussion တွင်ရေးသားမေးမြန်းနိုင်ပါသည်။

ကျေးဇူး ...
MDA society  (myanmar digital artists society)

Tags: photo_rule

Views: 188

Reply to This

Replies to This Discussion

anyway how long it would take ?i mean posting and uploading...
ဟုတ်ကဲ့ .. ကျွန်တော်တို့စစ်ဆေးတဲ့အချိန်လေးပါပဲ။ ကျွန်တော်တို့ မသိရင်တော့ နဲနဲကြာသွားနိုင်ပါတယ်။
ဒါပေမဲ့ ညဖက်ကလွဲရင်တစ်နေကုန်နီးပါးကျွန်တော်တို့ ထိုင်ကြည့်နေပါတယ်။
Hey.. i join in here today..
Hello MDA society,
I am a new member, NEO. Nice to meet you all.
HI HI admin,
I do both of Digital art and Traditional art. I uploaded my digital own artworks in the photo album.

Could you kindly answer my question.. "Could I upload my traditional art as well?"

Please let me know if its okay..
I look forward to hearing from you..
Thanks~
Hi Shwe Thiri Khit,
Yes, you can upload your traditional artworks.
We can add one tag. It's call traditional artworks tag.

thank ...
MDA society
ကျနော်နားမလည်လို့ပါ....PAL နဲ့ NTSC ဟာ Web player နဲ့ကျရင် ဘယ်လိုကွာသွားသလဲဆိုတာ.... web player က တစက္ကန့်ကို ဘယ်နှ Frame နှုန်းသွားလဲမသိဘူး.. ဟီးဟီး... ကျနော် PAL နဲ့ထုတ်ထားတဲ့ဟာကိုတင်တော့ Frame မညက်ဘူးဖြစ်နေတယ်...
ဘာနဲ့ပဲတင်တင် ဆိုဒ်က convert ပြန်လုပ်သေးတယ်ဗျ။ သူက quality လျှော့ချလိမ့်မယ်။ အဲဒီမှာ မညက်တော့တာပါ။
ဘယ်လောက်ပဲကောင်းကောင်းထုတ်ထားပါစေ။ upload ပြီးရင် quality ကျမှာပါပဲ။ တခြား movie တွေလည်း ဒီလိုပါပဲ မူရင်းထက်စာရင် frame တွေမညက်ကြတော့ဘူး။

သိသလောက်ပါ ...
MDA society
အောက်မှာဖေါ်ပြပေးထားတဲ့အတိုင်း လိုက်လုပ်လိုက်ပါခင်ဗျာ ...

Setting > Appearance > Return My Page to Default ကိုနှိပ်ပြီးခဏစောင့်ပါ ...

ဒါဆိုရပါပြီ .. :)
Hi...I am new to here!...Nice to meet you!
Digital Art နဲ့ မဆိုင်တဲ့ အခြား သုတ၊ ရသ Blogs တွေ တင်ခွင့် ရှိမရှိ ပြောပြပေးပါ။

လေးစားလျက်။

Green December Nine
ဟုတ်ကဲ့ ... digital art အပြင် တခြား traditional art တို့ photography နဲ့ သက်ဆိုင်တဲ့ သတင်း ၊ blogs မျိုးဆိုရင် လက်ခံပါတယ်ခင်ဗျာ။

ကျေးဇူး ...
MDA society

RSS

© 2013   Created by Bo Nyi.

Badges  |  Report an Issue  |  Terms of Service